ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း)
အခြေခံသတ်မှတ်ချက်များ
၂။ အောက်ပါအတိုင်းဖြစ်ပါသည်−
(က) စက်သုံးဆီသိုလှောင်ကန်စခန်း (Sub Fuel Terminal) တစ်ခု၏ မြေအကျယ်အဝန်းသည် အနည်းဆုံး ၁၃၀,၆၈၀ စတုရန်းပေ (၃ ဧက) နှင့် မျက်နှာစာ အကျယ် အနည်းဆုံးပေ ၄၀၀ ရှိရမည်ဖြစ်ပြီး အများဆုံးသိုလှောင်နိုင်သည့် စက်သုံးဆီပမာဏမှာ ဂါလန် ၈ သန်းဖြစ်သည်။
( ခ ) ပင်မစက်သုံးဆီသိုလှောင်ကန်စခန်း(Main Fuel Terminal) တစ်ခု၏ မြေ အကျယ်အဝန်းသည် အနည်းဆုံး ၂၁၇,၈၀၀ စတုရန်းပေ (၅ဧက)နှင့် မျက်နှာစာ အကျယ် အနည်းဆုံး ပေ ၄၀၀ ရှိရမည်ဖြစ်ပြီး အများဆုံးသိုလှောင်နိုင်သည့် စက်သုံးဆီပမာဏမှာ ဂါလန် ၁၅ သန်း ဖြစ်သည်။
( ဂ ) စက်သုံးဆီသိုလှောင်ကန်စခန်းဧရိယာနယ်နိမိတ်ကို အမြင့်(၆)ပေထက် မနည်းသောအကာအရံ [သံဇကာ (သို့) သံဆူးကြိုး (သို့) သံပန်း (သို့) သံပြား (သို့) အုတ် (သို့) ကွန်ကရစ် ဝင်းခြံ] ထားရှိရမည်။
(ဃ) စက်သုံးဆီသိုလှောင်ကန်စခန်းဝင်းအတွင်း မော်တော်ယာဉ်များ လွတ်လပ်စွာလှည့်ပတ်သွားလာနိုင်သော အသွားအပြန် ပတ်လမ်းများ ဖောက်လုပ်ထားရမည်။
( င ) အဆောက်အဦများကို အလွယ်တကူမီးမလောင်နိုင်သောပစ္စည်းများဖြင့်သာ ဆောက်လုပ်ရမည်။
( စ ) သိုလှောင်ကန်များတွင် စက်သုံးဆီအမျိုးအစားနှင့် ဝင်ဆံ့ဂါလန်များကို သိသာထင်ရှားစွာရေးသားဖော်ပြထားရမည်။
(ဆ) ီပိုက်လိုင်းများတွင် စက်သုံးဆီအမျိုးအစားကို စာသား/အရောင်ဖြင့် သတ်မှတ်ဖော်ပြထားရမည်။ သတ်မှတ်ဖော်ပြရာတွင် ဓာတ်ဆီကို အနီရောင်ဖြင့် လည်းကောင်း၊ ဒီဇယ်ဆီကို အပြာရင့်ရောင်ဖြင့်လည်းကောင်း၊ လေယာဉ်ဆီကို အဝါရောင်ဖြင့် လည်းကောင်း၊ မီးထိုးဆီကို နီညိုရင့်ရောင်ဖြင့်လည်းကောင်း သတ်မှတ်ဖော်ပြရမည်။
( ဇ ) ဆီထိန်းနံရံ (Sump Wall) ၏ ဝင်ဆံ့နိုင်မှုပမာဏသည် ယင်းအတွင်းရှိ အကြီးဆုံးသိုလှောင်ကန်၏ ဝင်ဆံ့နိုင်မှုပမာဏ အောက်လျော့နည်းမှုမရှိစေရ။
( ဈ ) သိုလှောင်ကန်၊ ပိုက်လိုင်း၊ ပိုက်ပျော့ (Flexible Hose Pipe) နှင့် ဘား (Valve) များအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တည်ဆောက်တပ်ဆင်ရမည်။
(ည) မြေပေါ်သိုလှောင်ကန်များတွင် ဆီထိန်းနံရံ၊ ဆီထိန်းကြမ်းခင်း၊ ဆီဆင်းမြောင်း၊ ဆီစုကန်နှင့် ဆီစစ်ကန်တို့ကို တည်ဆောက်ထားရမည်။
(ဋ) မြေပေါ်သိုလှောင်ကန်များကို မြေစိုက်ကြိုး (Earthing) တပ်ဆင်ထားရမည်။
( ဌ ) ဆီတင်၊ ဆီချပန့်များသည် မီးတောက်မထွက်စေနိုင်သည့်အမျိုးအစား (Flame Proof) များ ဖြစ်ရမည်။
( ဍ ) ဆီတင်၊ ဆီချပန့်များအား လေဝင်လေထွက်ကောင်းမွန်မှုရှိသော ပန့်ရုံထဲတွင် စနစ်တကျထားရှိရမည်။
( ဎ ) ဆီသိုလှောင်ကန်၊ ဆီချပွိုင့်၊ ဆီငွေ့ထုတ်ပိုက်၊ ဆီပန့်တို့သည် ထရန်စဖော်မာ၊ ဗို့အားမြင့်လျှပ်စစ်ကြိုးများနှင့် အနည်းဆုံး (၅၀)ပေ ကွာဝေးရမည် သို့မဟုတ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် လျှပ်စစ်ဌာနတို့မှ သတ်မှတ်ထားသော လုံလောက်သည့်ဘေးကင်းမှုအကွာအဝေးအတွင်းထားရှိနိုင်သည်။
(ဏ) မီးစက်အသုံးပြုမည်ဆိုပါက Flame Roof အမျိုးအစားမီးစက်ကို ဆီချပွိုင့်၊ ဂိုဒေါင်၊ သိုလှောင်ကန်၊ ဆီငွေ့ထုတ်ပိုက်၊ ဆီပန့်တို့နှင့် (၂၀) ပေထက် မနည်းသော အကွာအဝေးတွင် မီးစက်ရုံအတွင်း စနစ်တကျတပ်ဆင်ထားရှိရမည်။
(တ) အဆောက်အဦများ၊ ဆီသိုလှောင်ကန်များ၊ ဆီပန့်များတွင် လျှပ်စစ်အန္တရာယ်၊ မီးဘေးအန္တရာယ်နှင့် ပေါက်ကွဲမှုအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လုံလောက်သော ကြိုတင်ကာကွယ်မှုများကို အချိန်ပြည့်ဆောင်ရွက်ရမည်။
(ထ) အသုံးပြုသည့်လျှပ်စစ်ပစ္စည်းများသည် မီးတောက်မထွက်စေနိုင်သော အမျိုးအစား (Flame Proof) ဖြစ်ရမည်။
( ဒ ) စက်သုံးဆီချယူမှုပြုနိုင်ရေး ဆိပ်ခံတံတား သို့မဟုတ် ဆီချပွိုင့်နှင့် ဆီဖြန့်ဖြူးရန် Bowser Filling Shed တို့ကို သတ်မှတ် စံနှုန်းများနှင့်အညီတည်ဆောက်ထားရှိရမည်။
( ဓ ) သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ရေးအစီအမံ၊ ဆီယိုဖိတ်မှုကာကွယ်ရေးနှင့် ရှင်းလင်းရေးအစီအမံများကို စနစ်တကျထားရှိဆောင်ရွက်ရမည်။
၃။ သိုလှောင်ကန်တွင်းဖိအားတစ်စတုရန်းလက်မလျှင် ၂.၅ ပေါင် (၁၇ ကီလိုပါစကယ်) ထက်မကျော်လွန်သည့် မြေပေါ်သိုလှောင်ကန် များအတွက် အောက်ဖော်ပြပါ အနည်းဆုံးရှိရမည့် ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်များကိုလည်းလိုက်နာရမည် –
စဉ် | သိုလှောင်ကန်
အမျိုးအစား |
အကာအကွယ်စနစ် | အနည်းဆုံးအကွာအဝေး(ပေ) | |
ခြံစည်းရိုး | အဆောက်အဦ | |||
(၁)
|
အမိုးရှင် အမျိုးအစား
(Floating Roof ) |
မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (Protection for Exposure) ပါရှိလျှင် | x သိုလှောင်ကန်၏ အချင်း | x သိုလှောင်ကန်၏ အချင်း |
မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (Protection for Exposure)မပါရှိလျှင် | သိုလှောင်ကန်၏ အချင်း (သို့)၁၇၅ ပေ | x သိုလှောင်ကန်၏ အချင်း | ||
(၂)
|
အမိုးသေ အမျိုးအစား (Fixed Roof)
|
သိုလှောင်ကန်အတွင်း မီးမလောင် စေသော ဓာတ်ငွေ့ဖြည့်၍ အောက် ဆီဂျင်လျှော့ချသည့်စနစ် သို့မဟုတ် အမြှုပ်မီးသတ်စနစ်တပ်ဆင်ထားလျှင် | x ဇယား (၁)ရှိ
အကွာအဝေး |
x ဇယား (၁)ရှိ
အကွာအဝေး |
မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (Protection for Exposure) ပါရှိလျှင် | ဇယား (၁)ရှိ
အကွာအဝေး |
ဇယား (၁)ရှိ
အကွာအဝေး |
||
မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (Protection for Exposure) မပါရှိလျှင် | ၂ x ဇယား (၁)ရှိ
အကွာအဝေး |
ဇယား (၁)ရှိ
အကွာအဝေး |
||
မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (protection for exposure) ဆိုသည်မှာ မီးသတ်ဦးစီးဌာနမှ သတ်မှတ်သည့် လုံလောက်သောရေပမာဏကို သိုလှောင်နိုင်သည့်မီးသတ်ရေကန်၊ မီးသတ်ပိုက်လိုင်း၊ မီးသတ်ဆေး၊ မီးသတ် ပစ္စည်းများနှင့်ကျွမ်းကျင်မီးသတ်ဝန်ထမ်းများထားရှိခြင်းကိုဆိုလိုသည်။ |
၄။ သိုလှောင်ကန်တွင်းဖိအားတစ်စတုရန်းလက်မလျှင် ၂.၅ ပေါင် (၁၇ ကီလိုပါစကယ်) ထက်ကျော်လွန်သည့် မြေပေါ် သိုလှောင်ကန်များအတွက် အောက်ဖော်ပြပါအနည်းဆုံးရှိရမည့် ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်များကိုလည်းလိုက်နာရမည် –
စဉ် | သိုလှောင်ကန်
အမျိုးအစား |
အကာအကွယ်စနစ် | အနည်းဆုံးအကွာအဝေး(ပေ) | |
ခြံစည်းရိုး | အဆောက်အဦ | |||
၁ | မည်သည့်
အမျိုးအစားမဆို |
မီးဘေးအန္တရာယ်ကာကွယ်ရေး
စနစ် (Protection for Exposure) ပါရှိလျှင် |
၁.၅ x ဇယား (၁) ရှိ
အကွာအဝေး ( ၂၅ ပေထက်မနီးရပါ) |
၁.၅ x ဇယား (၁) ရှိ
အကွာအဝေး ( ၂၅ ပေထက်မနီးရပါ) |
မီးဘေးအန္တရာယ်ကာကွယ်ရေး
စနစ် (Protection for Exposure) မပါရှိလျှင် |
၃ x ဇယား (၁) ရှိ
အကွာအဝေး ( ၅၀ ပေထက်မနီးရပါ) |
၁.၅ x ဇယား (၁) ရှိ
အကွာအဝေး ( ၂၅ ပေထက်မနီးရပါ) |
ဇယား(၁)
စဉ် | သိုလှောင်ကန်၏ သိုလှောင်နိုင်မှုပမာဏ(ဂါလန်)(ဗြိတိသျှစနစ်) |
အနည်းဆုံးအကွာအဝေး (ပေ) | |
ခြံစည်းရိုး | အဆောက်အဦ | ||
၁ | ၆၂၅ နှင့်အောက် | ၁၀ | ၁၀ |
၂ | ၆၂၆-၁၀,၀၀၀ | ၁၅ | ၁၅ |
၃ | ၁၀,၀၀၁ -၂၅,၀၀၀ | ၂၀ | ၁၅ |
၄ | ၂၅,၀၀၁ – ၄၂,၀၀၀ | ၃၀ | ၁၅ |
၅ | ၄၂,၀၀၁ – ၈၄,၀၀၀ | ၅၀ | ၁၅ |
၆ | ၈၄,၀၀၁ – ၄၂၀,၀၀၀ | ၈၀ | ၂၅ |
၇ | ၄၂၀,၀၀၁ – ၈၄၀,၀၀၀ | ၁၀၀ | ၃၅ |
၈ | ၈၄၀,၀၀၁ – ၁,၆၇၀,၀၀၀ | ၁၃၅ | ၄၅ |
၉ | ၁,၆၇၀,၀၀၁ -၂,၅၀၀,၀၀၀ | ၁၆၅ | ၅၅ |
၁၀ | ၂,၅၀၀,၀၀၁ နှင့်အထက် | ၁၇၅ | ၆၀ |
၅။ မြေပေါ်သိုလှောင်ကန်များအတွက် သိုလှောင်ကန်တစ်လုံးနှင့်တစ်လုံး၏ နံရံတစ်ခုနှင့်တစ်ခုကြား (Shell to Shell) အနည်းဆုံးရှိရမည့် ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် | သိုလှောင်ကန်
အချင်း |
အမိုးရှင်
သိုလှောင်ကန် (Floating Roof Tank) |
အမိုးသေ(သို့မဟုတ်)အလျားလိုက်သိုလှောင်ကန်
(Fixed or Horizontal Tank) |
|
ဘေးအန္တရာယ်ရှိသော ရေနံထွက်ပစ္စည်း | ဘေးအန္တရာယ်မရှိသော ရေနံထွက်ပစ္စည်း | |||
၁
|
အချင်း (၁၅၀)ပေ နှင့် အောက် | x ကပ်လျက် သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း |
xကပ်လျက် သိုလှောင်ကန် အချင်းနှင့် စုစုပေါင်း |
× ကပ်လျက် သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း |
(၄ ပေထက်မနီးရပါ) | (၄ ပေထက်မနီးရပါ) | (၄ ပေထက်မနီးရပါ) | ||
၂ | အချင်း(၁၅၀)ပေ အထက် (ဘုံဆီစုကန် ထားရှိသည့်စနစ် ဖြစ်လျှင်) | x ကပ်လျက် သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း |
x ကပ်လျက် သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း |
× ကပ်လျက် သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း |
အချင်း(၁၅၀)ပေ အထက် (ဆီထိန်းနံရံ အကာထားရှိလျှင်) | ကပ်လျက် သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း |
x ကပ်လျက် သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း |
× ကပ်လျက် သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း |
၆။ အငွေ့ထုတ်ပိုက်( Vent Pipe )သည် အနီးဆုံးအဆောက်အဦ( Building )မှ အနည်းဆုံး (၅)ပေ၊ လေစုပ်ကိရိယာ(Powered ventilation air intake devices)များမှ အနည်းဆုံး(၁၅) ပေထက်မနည်းကွာဝေးရမည်။
၇။ စစ်ဆေးသူအရာရှိက လိုအပ်သည်ဟုယူဆပါက မီးကာနံရံများထားရှိခြင်း၊ အထူးအကာအကွယ်များပြုလုပ်ထားခြင်းတို့ကို ဆောင်ရွက်ရမည်။
၈။ အထက်ဖော်ပြပါ ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်များနှင့်ပတ်သက်၍ ဌာန၏သတ်မှတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် အထက်တွင်ဖော်ပြမထားသော အခြားဘေးကင်းမှုအပါအဝင်လုပ်ငန်းဆောင်ရွက်မှုများအတွက် နိုင်ငံတကာစံနှုန်း များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။အနည်းဆုံးရှိရမည့် ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါက လိုအပ်သည့်အစီအမံများပြုလုပ်စေပြီး စိစစ်ခွင့်ပြုနိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်ရမည်။
၉။ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးစခန်းအတွင်း ဘေးအန္တရာယ်ရှိသောဇုန်အဖြစ် အောက်ပါအတိုင်း (၃) မျိုးသတ်မှတ်ထားပြီး သက်ဆိုင်ရာဇုန်အလိုက် ဘေးကင်းလုံခြုံမှုရှိစေရေး သတ်မှတ်ချက်များနှင့်အညီလိုက်နာဆောင်ရွက်ရမည်-
(က) ဇုန်(က) ဘေးအန္တရာယ်ရှိသောလေထုသည်အမြဲတမ်း သို့မဟုတ် အချိန် ကာလကြာမြင့်စွာတည်ရှိသည့်နေရာ၊
(ခ) ဇုန်( ခ) ဘေးအန္တရာယ်ရှိသောလေထုသည် ပုံမှန်လုပ်ငန်းဆောင်ရွက်ချိန် တွင် ဖြစ်ပေါ်တည်ရှိနိုင်သောနေရာ၊
(ဂ) ဇုန်( ဂ) ဘေးအန္တရာယ်ရှိသောလေထုသည် တိုတောင်းသောအချိန်ကာလ အတွင်း၌သာ ဖြစ်ပေါ်တည်ရှိနိုင်သောနေရာ၊
၁၀။ ဘေးအန္တရာယ်ရှိသောဇုန်၏ နယ်ပယ်အပိုင်းအခြားသတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် | ဇုန် | သတ်မှတ်နယ်ပယ် | |
၁ | က | – | မြေပေါ်သိုလှောင်ကန်အတွင်း၊ မြေအောက်သိုလှောင်ကန်အတွင်း၊ ဆီချပွိုင့် (Fill opening) နေရာ |
၂ | ခ | –
–
–
–
|
ဆီဖြည့်ပန့်၏အောက်ပိုင်း ဆီစုပ်ပိုက်ရှိသည့်နေရာ၊ မော်တော်ယာဉ်ပြင်အလုပ်ရုံ (Repair Garage) အတွင်း လေဝင်လေထွက်မကောင်းသည့် မြေအောက်လုပ်ငန်းခွင်နေရာ၊
အဝေးထိန်းစနစ်သုံးပန့်( Remote pump )၏ အစွန်းမှ ရေပြင်ညီအတိုင်း ၁၀ ပေအတွင်းရှိ ကန်၊ ကျင်း(pit)၊ ဆီဖြည့်ပန့်နှင့်ကပ်လျက်ရှိသောဇုန်(ခ)ဧရိယာနှင့် ထိစပ်နေသည့်တံခါး၊ ပြတင်းပေါက်ရှိသည့် အခန်းတစ်ခုလုံး၊ မြေပေါ်သိုလှောင်ကန်၏ ဆီထိန်းနံရံ (Sump Wall) ၏အမြင့်သည် သိုလှောင်ကန်နံရံနှင့် ဆီထိန်းနံရံ (Sump Wall) ကြားအကွာအဝေးထက်ပိုများပါက ဆီထိန်းနံရံ (Sump Wall) ၏ အတွင်း နေရာအားလုံး၊ |
၂ | ခ | –
– –
–
|
မြေအောက်သိုလှောင်ကန်ဆီချပွိုင့်နေရာ ပတ်ဝန်းကျင်မြေမျက်နှာပြင်အောက်ရှိ ကန် ၊ ကျင်း (pit) ၏ တစ်စိတ်တစ်ပိုင်းသည် ဇုန်(ခ) သို့မဟုတ် ဇုန်(ဂ) နေရာတွင်ရှိလျှင် ယင်းကန် ၊ ကျင်း(pit) ၏ အတွင်းနေရာတစ်ခုလုံး၊
မြေပေါ်၊ မြေအောက်သိုလှောင်ကန်၏ အငွေ့ထွက်ပေါက်(vent) ၏ ၅ ပေ ပတ်လည်အတွင်း၊ ကန်၊ ကျင်း(Pit)သည် ဇုန်(ခ) သို့မဟုတ် ဇုန်(ဂ) အတွင်းကျရောက်လျှင် ဆီငွေ့ပြန်လည်ထိန်းသိမ်း သည့်စနစ်ဆောင်ရွက်မည့်ကိရိယာများထည့်သွင်းထားလျှင် ယင်းကန်၊ကျင်း(Pit)၏ အတွင်းနေရာ၊ ဆီသိုလှောင်ကန်ထည့်သွင်းသည့် ကွန်ကရစ်ကန် (Vault) အတွင်းနေရာတစ်ခုလုံး၊ |
၃ | ဂ | –
–
–
–
– – –
–
– –
–
|
ဆီဖြည့်ပန့် (Dispenser) မှ ရေပြင်ညီနှင့် အောက်ဘက်သို့ ၁၈ လက်မအတွင်း၊
ဆီဖြည့်ပန့်ကိုယ်ထည် (Dispenser enclosure) မှ ရေပင်ညီအတိုင်း ပေ ၂၀ အတွင်း ကြမ်းခင်းမှ ၁၈ လက်မအမြင့်အတွင်း၊ မော်တော်ယာဉ်ပြင်အလုပ်ရုံ (Repair Garage) အတွင်း လေဝင်လေထွက်ကောင်းသည့် မြေအောက်လုပ်ငန်းခွင်နေရာ၊ အလုပ်ရုံ၏ ကြမ်းခင်းဧရိယာတစ်ခုလုံးအတွက် ကြမ်းခင်းမှ အထက် ၁၈ လက်မအတွင်း၊ အကြီးစားမော်တော်ယာဉ်ပြင်အလုပ်ရုံ (Major Repair Garage) ၏ မျက်နှာကြက်မှ (၁၈) လက်မအတွင်း၊ ဆီချ၊ ဆီဖြည့်ပွိုင့်၏ အထက်၊ အောက်၊ ဘေးပတ်လည် ၃ ပေအတွင်း၊ အဝေးထိန်းစနစ်သုံးပန့် (Remote pump) ၏အစွန်းမှ ရေပြင်ညီအတိုင်း ၃ ပေ အကွာအဝေး၊ အဝေးထိန်းစနစ်သုံးပန့် (Remote pump) ၏အစွန်းမှ ရေပြင်ညီအတိုင်း ၁၀ ပေ အကွာ အဝေးအတွင်းရှိ ကြမ်းခင်းမျက်နှာပြင်၏အထက် ၁၈ လက်မအထိ၊ ဆီဖြည့်ပန့်နှင့်ကပ်လျက်ရှိသော ဇုန်(ဂ) ဧရိယာနှင့်ထိစပ်နေသည့်တံခါး၊ ပြတင်းပေါက်ရှိသည့် အခန်းတစ်ခုလုံး၊ မြေပေါ်သိုလှောင်ကန်၏ နံရံ၊ အစွန်း၊ အမိုးများမှ ၁၀ ပေအတွင်း၊ မြေပေါ်၊ မြေအောက်သိုလှောင်ကန်၏ အငွေ့ထွက်ပေါက် (vent) ၏ ၅ ပေ မှ ၁၀ ပေ ပတ်လည် အတွင်း၊ မြေအောက်သိုလှောင်ကန်၏အငွေ့မလုံသည့်ပိုက်ဆက် (Loose-fill connection) မှ ရေပြင်ညီ အတိုင်း ၁၀ ပေအကွာအဝေးအတွင်းနှင့် အငွေ့လုံသည့်ပိုက်ဆက် (Tight-fill connection) မှ ရေပြင်ညီအတိုင်း ၅ ပေအတွက် ကြမ်းခင်းမျက်နှာပြင်၏ အထက် ၁၈ လက်မအထိ၊ |
လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း
၁၁။ ရေနံထွက်ပစ္စည်းလုပ်ငန်း (သိုလှောင်ကန်စခန်း) တည်ဆောက်လုပ်ကိုင်လိုသူသည် တည်ဆောက်ခွင့်ပြုရန် အဆိုပြုလျှောက်လွှာ နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ အဆိုပြုလျှောက်ထားရမည်-
(က) လိုင်စင်လျှောက်ထားသူ၏ (၂ × ၁.၅)လက်မဓာတ်ပုံ၊ အမည်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ၊ ကုမ္ပဏီ၊ အဖွဲ့အစည်း ဖြစ်ပါက ကုမ္ပဏီ၊ အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်မှုသက်သေခံလက်မှတ်မိတ္တူ၊
(ခ) ဆက်သွယ်ရန်လိပ်စာ၊ တယ်လီဖုန်းနံပါတ် နှင့် Email Address ၊
(ဂ) သိုလှောင်ကန်စခန်းအမည်၊
(ဃ) မြေပိုင်ဆိုင်ကြောင်းအထောက်အထား သို့မဟုတ် မြေသုံးစွဲနိုင်ကြောင်း အထောက်အထား၊
(င) တည်ဆောက်မည့်မြေနေရာအထောက်အထား မြေစာရင်းပုံစံ(၁၀၅)နှင့် (၁၀၆) မိတ္တူနှင့်အတိုင်းအတာအကျယ်အဝန်း၊
(စ) သိုလှောင်ဖြန့်ဖြူးရောင်းချမည့် စက်သုံးဆီအမျိုးအစားများ၊ သိုလှောင်ကန် အရေအတွက်နှင့် ဝင်ဆံ့ဂါလန်ပမာဏ၊ ဂိုဒေါင်၏ သိုလှောင်နိုင်သည့်ဂါလန် ပမာဏ၊
(ဆ) တည်ဆောက်မည့်အကွက်ချပုံစံ (Layout Plan) ၊ အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) ၊
(၁) Layout Plan တွင် မြေပေါ်/မြေအောက် သိုလှောင်ကန်များ၊ မီးသတ် အုတ်ရေကန်၊ သဲကန်နှင့် မီးသတ်စနစ်တို့ထည့်သွင်း ရေးဆွဲရမည်။ ထို့ပြင် ရုံးအဆောက်အဦ၊ ဝန်ထမ်းနားနေဆောင်၊ ရေစင်၊ မီးစက်ရုံ၊ သိုလှောင်ရုံနှင့် လုပ်ငန်းနှင့်ဆက်စပ် အဆောက်အဦတို့ကိုလည်း တည်ဆောက်မည်ဆိုပါက ထည့်သွင်းရေးဆွဲနိုင်သည်။ ပတ်လည်အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦ၊ လမ်း၊ နေအိမ်စသည်တို့ကို ပြည့်ပြည့်စုံစုံထည့်သွင်းရေးဆွဲရမည်။ အများပြည်သူသွားလမ်းမကြီးများ၊ လမ်းသွယ်များ၊ မီးရထားလမ်း၊ မြစ်ချောင်းစသည်တို့ရှိနေပါက တစ်စိတ်တစ်ပိုင်းပါဝင်နေသည့်အနေအထားဖြင့် ရေးဆွဲရမည်။ Layout Plan အား A3 အရွယ်အစား စာရွက်ဖြင့်ရေးဆွဲရမည်။ အဆိုပြုထားသည့် သိုလှောင်ရုံ၊ သိုလှောင်ကန်များနှင့် ပတ်လည်အနီးပတ်ဝန်းကျင်အဆောက်အဦများ၏ အကွာအဝေးကို(ပေဖြင့်) တိတိကျကျ ဖော်ပြ ရမည်။
(၂) Layout Plan တွင် ရပ်ညွှန်းပါရှိရမည်ဖြစ်ပြီး အဆောက်အဦတည်နေရာ၊ လိပ်စာအပြည့်အစုံ၊ ပိုင်ရှင်အမည်၊ သိုလှောင် လိုသည့်ရေနံထွက်ပစ္စည်း အမျိုးအစား၊ ဂါလန်ပမာဏ၊ စကေး၊ ရေးဆွဲသူအမည်၊ ရက်စွဲတို့ ပြည့်စုံစွာဖော်ပြထားသော Title Block ပါရှိရမည်။ အသေးစိတ်ပုံစံများ ရေးဆွဲရာတွင် ရှေ့၊ နောက်၊ ဘေး၊ အပေါ်မှမြင်ရပုံ၊ ဖြတ်ပိုင်းပုံများကို ဖော်ပြရမည်။ Layout Plan နှင့် အသေးစိတ်ပုံများကို A3 အရွယ်အစား စာရွက်ဖြင့် စကေးကိုက်ရေးဆွဲရမည်။
(၃) အဆောက်အဦ၊ သိုလှောင်ရုံ၊ သိုလှောင်ကန်တို့တွင်ရှိသော အစိတ်အပိုင်းအသီးသီးနှင့် အသုံးပြုသည့်ပစ္စည်းအမျိုးအစားများ (M.S, C.G.I, Angle Iron, Concrete အရော၊ Plaster အရောစသည်များ)ကို ပုံတွင်အသေးစိတ်ဖော်ပြရမည်။
(ဇ) အဆိုပြုလျှောက်ထားစဉ်ကာလအတွင်း အပိုဒ် ၁၁ (ဇ) ပါ အချက်များကို ဌာနကအတည်မပြုသေးမီ ကြိုတင်တည်ဆောက်မှု မပြုကြောင်း ကတိဝန်ခံချက်ပါရှိရမည်။
၁၂။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် သိုလှောင်ကန်စခန်းတည်ဆောက်ခွင့်ပြုရန်လျှောက်ထားမှုကိုစိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ အကယ်၍ လျှောက်ထားမှုကိုငြင်းပယ်ခဲ့လျှင် မည်သည့်အကြောင်းကြောင့်ငြင်းပယ်ကြောင်း လျှောက်ထားသူထံ အကြောင်းကြားမည်။
၁၃။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်သည် လျှောက်ထားချက်အပေါ် စစ်ဆေးစိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းတွေ့ရှိရပါက တည်ဆောက်မည့် အကွက်ချပုံစံ (Layout Plan)၊ အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) များအားအတည်ပြုပါကြောင်းနှင့် သက်ဆိုင်ရာခွင့်ပြုမိန့်များရယူပြီး လိုအပ်သလိုဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း လျှောက်ထားသူ ထံအကြောင်းကြားမည်။
၁၄။ အပိုဒ် ၁၃ ပါအကြောင်းကြားချက်ကို လက်ခံရရှိသူသည် အဆိုပြုပုံစံအတိုင်း တည်ဆောက်ပြီးစီး၍ စက်သုံးဆီသိုလှောင်ထားရှိရန် အသင့်ဖြစ်ပါက အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် လိုင်စင်ခွင့်ပြုထုတ်ပေးရန် ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်သို့လျှောက်ထားရမည်-
(က) သက်ဆိုင်ရာပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်မူရင်းနှင့်မိတ၊
( ခ) ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အတည်ပြုထားသော သိုလှောင်ကန်စခန်း၏ အကွက်ချပုံစံ၊ (Layout Plan) နှင့် အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) မူရင်းနှင့်မိတ္တူ၊
( ဂ) သတ္တုတွင်းဦးစီးဌာန၏သိုလှောင်ခွင့်လိုင်စင်မူရင်းနှင့် မိတ္တူ၊
(ဃ) တည်ဆောက်ပီးစီးသည့် သိုလှောင်ကန်စခန်း၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ ရိုက်ကူး ထားသည့် (၄ x ၆) လက်မအရွယ်ရှိ ရောင်စုံဓါတ်ပုံ (၄) ပုံနှင့် သိုလှောင်ကန် နှင့် ဆက်စပ်အဆောက်အဦများအား ထင်ရှားပြတ်သားစွာ ရိုက်ကူးထားသည့် (၄ x ၆) လက်မအရွယ်ရှိရောင်စုံဓါတ်ပုံများ၊
၁၅။ တည်ဆောက်ပြီးစီးသည့် သိုလှောင်ကန်စခန်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးမည်။ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ပြုပြင်ဆောင်ရွက်စေပြီး ထပ်မံကွင်းဆင်းစစ်ဆေးရမည်။
၁၆။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးဆောင်သည့်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး လိုင်စင်ထုတ်ပေးသင့်ကြောင်း ထောက်ခံတင်ပြလျင် ရုံးချုပ်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီ အစည်းအဝေးသို့တင်ပြမည်။
၁၇။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီအစည်းအဝေးက လိုင်စင် ထုတ်ပေးရန်ဆုံးဖြတ်ပါက သက်တမ်း (၁) နှစ်ရှိ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင် ကန်စခန်း) ကို ထုတ်ပေးမည်။
၁၈။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း) ၏ သက်တမ်းမှာ လိုင်စင်ခွင့်ပြုသည့်နေ့မှစတင်၍ (၁)နှစ်တိတိဖြစ်သည်။
၁၉။ လိုင်စင်ရရှိသူသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း) နှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့်ကျသင့်သော အခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။
လိုင်စင်သက်တမ်းတိုးခြင်း
၂၀။ လိုင်စင်ရရှိသူသည် လိုင်စင်စတင်ခွင့်ပြုထုတ်ပေးသည့်ရက်မှစတင်၍ လိုင်စင်သက်တမ်းမကုန်ဆုံးမီ ၂ လအတွင်း လိုင်စင် သက်တမ်းတိုးမြှင့်ခွင့်ပြုရန်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-
(က) ပိုင်ရှင်၏ ကိုယ်တိုင်ရေးလျှောက်လွှာမူရင်း၊
( ခ) လိုင်စင်ရရှိသူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့်မိတ္တူ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ၊ အဖွဲ့အစည်း ဖွဲ့စည်း တည်ထောင်မှုသက်သေခံလက်မှတ်မိတ္တူ၊
( ဂ) သက်ဆိုင်ရာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာ သဘောထားမှတ်ချက်၊
(ဃ) ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း) မူရင်းနှင့်မိတ္တူ၊
( င) သတ္တုတွင်းဦးစီးဌာန၏ သက်တမ်းတိုးပြီးစက်သုံးဆီသိုလှောင်ခွင့်လိုင်စင် မူရင်းနှင့်မိတ္တူ၊
၂၁။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်း (သိုလှောင်ကန်စခန်း)အား ကွင်းဆင်းစစ်ဆေး စိစစ်ပြီးသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိလျှင် လိုင်စင်သက်တမ်း (၁)နှစ်တိုးမြှင့်ပေးမည်။
၂၂။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(သိုလှောင်ကန်စခန်း) သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သော အခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။
ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခြင်း
၂၃။ ရေနံထွက်ပစ္စည်းလုပ်ငန်း(သိုလှောင်ကန်စခန်း)အား ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခွင့်ပြုပါရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းအထောက်အထားများ ပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-
(က) ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(သိုလှောင်ကန်စခန်း)မူရင်းနှင့်မိတ္တူ၊
( ခ) သတ္တုတွင်းဦးစီးဌာန၏ သက်တမ်းရှိ သိုလှောင်ခွင့်လိုင်စင်မူရင်းနှင့်မိတ္တူ၊
(ဂ) ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အတည်ပြုထားသော သိုလှောင်ကန်စခန်းအကွက်ချပုံစံ (Layout Plan)၊ အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) မူရင်းနှင့်မိတ္တူ၊
(ဃ) ပြင်ဆင်ပြောင်းလဲတိုးချဲ့လိုသည့်အကွက်ချပုံစံ (Layout Plan)၊ အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) မူရင်း၊ (လိုင်စင်ရရှိပြီး သိုလှောင်ကန်စခန်းအဟောင်းကို တိုးချဲ့/ ပြုပြင်/ တည်ဆောက်ခြင်းဖြစ်ပါက အသစ်တည်ဆောက်သည့် အဆောက်အဦ၊ သိုလှောင်ကန်စသည်တို့ကို Layout Plan ပေါ်တွင် အနီရောင်ဖြင့် ထပ်တိုး (Proposal ) ဟု ရေးသား ဖော်ပြရမည်။)
( င) မြေဧရိယာတိုးချဲ့တည်ဆောက်ခြင်းအတွက် မြေပိုင်ဆိုင်ကြောင်းအထောက်အထား သို့မဟုတ် မြေသုံးစွဲနိုင်ကြောင်း အထောက်အထား၊
( စ) သိုလှောင်မှုပမာဏပြင်ဆင်ပြောင်းလဲခြင်း၊ ခွင့်ပြုမြေဧရိယာပမာဏ ပြင်ဆင်ပြောင်းလဲခြင်းနှင့် စက်သုံးဆီအမျိုးအစား ပြင်ဆင်ပြောင်းလဲသိုလှောင်ခြင်းတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်၊
၂၄။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် လျှောက်ထားမှုအားစိစစ်၍ ကိုက်ညီပါက ရေနံထွက်ပစ္စည်းလုပ်ငန်း (သိုလှောင်ကန်စခန်း) အား ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခွင့်ပြုမည်။
၂၅။ ရေနံထွက်ပစ္စည်းလုပ်ငန်း (သိုလှောင်ကန်စခန်း) ပြင်ဆင်ပြောင်းလဲတိုးချဲ့ တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သောအခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ပေးသွင်းရမည်။
ပိုင်ရှင်အမည်ပြောင်းလဲခြင်း
၂၆။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း) အား ပိုင်ရှင်အမည်ပြောင်းလဲခွင့်ပြုရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းအထောက်အထားများ ပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထား ရမည်-
(က) ပိုင်ရှင်အမည်ပြောင်းလဲလိုသူ၏ (၂ x ၁.၅) လက်မဓာတ်ပုံ၊ အမည်နှင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားမိတ္တူ သို့မဟုတ် ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ၊ အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်မှုသက်သေခံလက်မှတ်မိတ္တူ၊
( ခ) ဆက်သွယ်ရန်လိပ်စာ၊ Email Address နှင့် တယ်လီဖုန်းနံပါတ်၊
( ဂ) ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း)မူရင်းနှင့် မိတ္တူ၊
(ဃ) ပိုင်ရှင်အမည်ပြောင်းလဲလိုသူ ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းအမည်ဖြင့် ခွင့်ပြုထုတ်ပေးသော သတ္တုတွင်းဦးစီးဌာန၏ သိုလှောင်ခွင့်လိုင်စင်မူရင်းနှင့့်မိတ္တူ၊
(င) ပိုင်ရှင်အမည်ပြောင်းလဲခြင်းအပေါ် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊
(စ) မူလပိုင်ရှင်နှင့် ပိုင်ရှင်အမည်ပြောင်းလဲလိုသူတို့၏ နှစ်ဦးသဘောတူ မှတ်ပုံတင်ထားသည့်စာချုပ်မူရင်းနှင့်မိတ္တူ၊
(ဆ) မူလပိုင်ရှင်နှင့် ပတ်သက်သည့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန် ဆိုင်ရာသဘောထားမှတ်ချက်၊
၂၇။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း)ပိုင်ရှင်အမည်ပြောင်းလဲ လျှောက်ထားမှုအားစိစစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိပါက ပိုင်ရှင်အမည်ပြောင်းလဲခွင့်ပြုမည်။
၂၈။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(သိုလှောင်ကန်စခန်း) ပိုင်ရှင်အမည်ပြောင်းလဲသူက သတ်မှတ်ထားသည့် ကျသင့်သော အခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။
သိုလှောင်ကန်စခန်းအမည်ပြောင်းလဲခြင်း
၂၉။ သိုလှောင်ကန်စခန်းအမည်ပြောင်းလဲခွင့်ပြုရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-
(က) အမည်ပြောင်းလဲပြီးသိုလှောင်ကန်စခန်း၏ သက်တမ်းရှိ စက်သုံးဆီသိုလှောင် ခွင့်လိုင်စင်မူရင်းနှင့်မိတ္တူ၊
( ခ) ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း) မူရင်း၊ မိတ္တူနှင့် သက်တမ်းတိုးကတ်ပြားမူရင်းနှင့်မိတ္တူ၊
၃၀။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် သိုလှောင်ကန်စခန်းအမည် ပြောင်းလဲလျှောက်ထားမှုအားစိစစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိပါက သိုလှောင်ကန်စခန်း အမည်ပြောင်းလဲခွင့်ပြုမည်။
ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်လျှောက်ထားခြင်း
၃၁။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း) ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ယူခွင့်ပြုပါရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်း အထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနသို့ လျှောက်ထားရမည်-
(က) ပျက်စီး သို့မဟုတ် ပျောက်ဆုံးကြောင်းပိုင်ရှင်၏ ကတိဝန်ခံချက်မူရင်း၊
( ခ) ပျက်စီး သို့မဟုတ် ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း သက်ဆိုင်ရာနယ် မြေရဲစခန်း၏ ထောက်ခံချက်မူရင်း၊
( ဂ) ပျက်စီး သို့မဟုတ် ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး၏ ထောက်ခံချက်မူရင်း၊
(ဃ) သတ္တုတွင်းဦးစီးဌာန၏ သက်တမ်းတိုးပြီး သိုလှောင်ခွင့်လိုင်စင်မူရင်းနှင့် မိတ္တူ၊
၃၂။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်း လိုင်စင်(သိုလှောင်ကန်စခန်း) ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာမှုအားစိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက မိတ္တူမှန်ထုတ်ပေးမည်။
၃၃။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (သိုလှောင်ကန်စခန်း) ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သော အခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ပေးသွင်းရမည်။