ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူ ဖြန့်ဖြူးရောင်းချခြင်း)
အခြေခံသတ်မှတ်ချက်များ
၃။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လိုင်စင်ရယူလုပ်ငန်းဆောင်ရွက်မည့်ရေယာဉ်သည် စက်သုံးဆီတင်စက်တပ် ရေယာဉ်အမျိုးအစားဖြစ်ရမည်။
(ခ) မြစ်တွင်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် (Inland Vessel Safety Certificate) ရှိရမည်။
(ဂ) ကမ်းရိုးတန်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ကိရိယာပစ္စည်းများ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာသက်သေခံ လက်မှတ် (Life Saving Appliances Certificate) နှင့် ဝန်တင်မျဉ်းဆိုင်ရာ သက်သေခံလက်မှတ် (Load Line Certificate) ရှိရမည်။
(ဃ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကုန်စည်ပို့ဆောင်ခွင့်(က) လိုင်စင်ရရှိပြီးဖြစ်ရမည်။
(င) ရေကြောင်းနှင့်သက်ဆိုင်သောဌာနများမှ Survey ပြုလုပ်၍ထုတ်ပေးသော စစ်ဆေးချက်သက်သေခံလက်မှတ် (Certificate ) များအားလုံးရရှိပြီး ဖြစ် ရမည်။
(စ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏စီမံခန့်ခွဲခွင့်ရှိသော ဆိပ်ကမ်းနယ်နိမိတ်အတွင်း ရေယာဉ်များအား စက်သုံးဆီထောက်ပံ့ ပေးသည့်လုပ်ငန်း ပူးတွဲလုပ်ကိုင်မည်ဆိုပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ( Licence To Ply) ရရှိပြီးဖြစ်ရမည်။
(ဆ) လျှပ်စစ်ပစ္စည်းများသည် မီးတောက်မထွက်စေနိုင်သောအမျိုးအစား (Flame Proof) ဖြစ်ရမည်။
(ဇ) ဆီပန့်များသည် Underwriters Laboratories Standard (UL 87) (သို့မဟုတ်) ယင်းနှင့် အလားတူနိုင်ငံတကာ စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိရမည်။
(ဈ) သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနဲဆုံးဖြစ်စေရေးအတွက် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ရေးအစီအမံ၊ ဆီယိုဖိတ်မှု ကာကွယ်ရေးနှင့် ရှင်းလင်းရေး အစီအမံများကို စနစ်တကျထားရှိဆောင်ရွက်ရမည်။
(ည) ရေယာဉ်ဝန်ထမ်းများသည် တာဝန်ထမ်းဆောင်ရမှုအဆင့်အလိုက် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းဆင်းလက်မှတ် များရရှိပြီးဖြစ်ရမည့်အပြင် ဘေးကင်းလုံခြုံမှုဆိုင်ရာသင်တန်းများ တက်ရောက်ပြီး ဖြစ်ရမည်။
လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း
၄။ ရေနံထွက်ပစ္စည်းလုပ်ငန်း (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း) ကို လုပ်ကိုင်လိုသူသည် အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ အဆိုပြုလျှောက်ထားရမည်-
(က) လျှောက်ထားသူ၏ (၂ x ၁.၅) လက်မဓာတ်ပုံ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ ၊ ကုမ္ပဏီ ၊ အဖွဲ့အစည်း ဖြစ်ပါက ကုမ္ပဏီ ၊ အဖွဲ့အစည်း ဖွဲ့စည်း တည်ထောင်မှုသက်သေခံလက်မှတ်မိတ္တူ၊
(ခ) ရေယာဉ်များအား စက်သုံးဆီတိုက်ရိုက်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မည့် ရေယာဉ်၏အမည်၊
(ဂ) ဆက်သွယ်ရန်လိပ်စာ၊Email Address နှင့် တယ်လီဖုန်းနံပါတ်၊
(ဃ) မြစ်တွင်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် (Inland Vessel Safety Certificate) မူရင်းနှင့်မိတ္တူ၊
(င) ကမ်းရိုးတန်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် ရေယာဉ်မှတ်ပုံတင် လက်မှတ်၊ဝန်တင်မျဉ်းဆိုင်ရာ သက်သေခံ လက်မှတ် (Load Line Certificate)၊ ကိရိယာပစ္စည်းများ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သက်သေခံလက်မှတ် (Safety Equipment Certificate) သို့မဟုတ် အသက်ကယ်ပစ္စည်းများဆိုင်ရာ သက်သေခံလက်မှတ် (Life Saving Appliances Certificate) မူရင်းနှင့် မိတ္တူ၊
(စ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကုန်စည်ပို့ဆောင်ခွင့် (က) လိုင်စင်မူရင်းနှင့်မိတ္တူ၊
(ဆ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏စီမံခန့်ခွဲခွင့်ရှိသော ဆိပ်ကမ်းနယ်နိမိတ်အတွင်း စက်သုံးဆီထောက်ပံ့ပေးသည့်လုပ်ငန်း ပူးတွဲ လုပ်ကိုင်မည်ဆိုပါက မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်(LicenceTo Ply) မူရင်း နှင့်မိတ္တူ၊
(ဇ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စိစစ်အတည်ပြုထားသော ရေယာဉ်၏အသေးစိတ်ပုံစံများ၊
(ဈ) ရေယာဉ်၏ ရေချိန်ဇယား (Calibration Table)၊
(ည) သိုလှောင်ဖြန့်ဖြူးရောင်းချမည့်စက်သုံးဆီအမျိုးအစားများနှင့်ဝင်ဆံ့ဂါလန်ပမာဏ၊
(ဋ) သတ္တုတွင်းဦးစီးဌာန၏ ရေနံထွက်ပစ္စည်းသယ်ယူခွင့်ခွင့်ပြုမိန့်မူရင်းနှင့်မိတ္တူ၊
(ဌ) သက်ဆိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာသဘောထား မှတ်ချက်၊
(ဍ) ရေယာဉ်၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ ရိုက်ကူးထားသည့် ( ၄။ x ၆။ )အရွယ် ရောင်စုံဓာတ်ပုံ (၄)ပုံ၊
(ဎ) ရေယာဉ်၏ စက်သုံးဆီသိုလှောင်ကန်များနှင့် စက်သုံးဆီဖြန့်ဖြူးမှုလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းကိရိယာများ၏ဓာတ်ပုံများ၊
၅။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီ သယ်ယူဖြန့်ဖြူး ရောင်းချခြင်း)အဆိုပြုလျှောက်ထားမှုကို စိစစ်ပြီးခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ အကယ်၍လျှောက်ထားမှုကို ငြင်းပယ်ခဲ့လျှင် မည်သည့်အကြောင်းကြောင့်ငြင်းပယ်ကြောင်း လျှောက်ထားသူထံ အကြောင်းကြားမည်။
၆။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်သည် လျှောက်ထားချက်အပေါ် စစ်ဆေးစိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းတွေ့ရှိရပါက သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိဦးစီးသည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေးမည်။ သတ်မှတ်ချက်များနှင့််ကိုက်ညီမမရှိကြောင်း စစ်ဆေးတွေရှိရပါက ပြုပြင်ဆောင်ရွက်စေပီး ထပ်မံ ကွင်းဆင်းစစ်ဆေးရမည်။
၇။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးပီး သတ်မှတ်ချက်နှင့်ကိုက်ညီ၍ လိုင်စင်ထုတ်ပေးသင့်ကြောင်းထောက်ခံတင်ပြလျှင် ရုံးချုပ်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကီး ဌာန၊ အမှုဆောင်ကော်မတီအစည်းအဝေးသို့တင်ပြမည်။
၈။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီအစည်းအဝေးက လိုင်စင် ထုတ်ပေးရန်ဆုံးဖြတ်ပါက သက်တမ်း (၁) နှစ်ရှိ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်း ဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း) ကို ထုတ်ပေးမည်။
၉။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း) ၏ သက်တမ်းမှာ လိုင်စင်ခွင့်ပြုသည့် နေ့မှစတင်၍ (၁)နှစ်တိတိဖြစ်သည်။
၁၀။ လိုင်စင်ရရှိသူသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း)နှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သောအခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။
လိုင်စင်သက်တမ်းတိုးခြင်း
၁၁။ လိုင်စင်ရရှိသူသည် လိုင်စင်စတင်ခွင့်ပြုထုတ်ပေးသည့်ရက်မှစတင်၍ လိုင်စင်သက်တမ်းမကုန်ဆုံးမီ ၂ လအတွင်း လိုင်စင် သက်တမ်းတိုးမြှင့်ခွင့်ပြုရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-
(က) ပိုင်ရှင်၏ ကိုယ်တိုင်ရေးလျှောက်လွှာမူရင်း၊
(ခ) လိုင်စင်ရရှိသူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့်မိတ္တူ ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ၊ အဖွဲ့အစည်း ဖွဲ့စည်း တည်ထောင်မှုသက်သေခံလက်မှတ် မိတ္တူ၊
(ဂ) ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း)မူရင်းနှင့် မိတ္တူ၊
(ဃ) မြစ်တွင်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက်သက်တမ်းရှိ ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းရေကြောင်း သွားရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် (Inland Vessel Safety Certificate) မူရင်း နှင့်မိတ္တူ၊
(င) ကမ်းရိုးတန်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် သက်တမ်းရှိ ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ဝန်တင်မျဉ်း ဆိုင်ရာသက်သေခံလက်မှတ် (Load Line Certificate) ၊ ကိရိယာပစ္စည်းများအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သက်သေခံ လက်မှတ် (Safety Equipment Certificate) သို့မဟုတ် အသက် ကယ်ပစ္စည်းများဆိုင်ရာသက်သေခံလက်မှတ် (Life Saving Appliances Certificate) မူရင်းနှင့်မိတ္တူ၊
(စ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ သက်တမ်းရှိကုန်စည်ပို့ဆောင်ခွင့်(က)လိုင်စင်မူရင်းနှင့်မိတ္တူ၊
(ဆ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သက်တမ်းရှိလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် (LicenceTo Ply) မူရင်း နှင့်မိတ္တူ၊
(ဇ) သတ္တုတွင်းဦးစီးဌာန၏ ရေနံထွက်ပစ္စည်းသယ်ယူခွင့် ခွင့်ပြုမိန့်မူရင်းနှင့်မိတ္တူ၊
(ဈ) သက်ဆိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာသဘောထား မှတ်ချက်၊
၁၂။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်း (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချခြင်း) အား ကွင်းဆင်းစစ်ဆေးစိစစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိလျှင် လိုင်စင်သက်တမ်း(၁)နှစ်တိုးမြှင့်ပေးမည်။
၁၃။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်း ချခြင်း) သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့်ကျသင့်သောအခကြေးငွေ များကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။
သိုလှောင်ဖြန့်ဖြူးရောင်းချမည့်ပမာဏပြင်ဆင်ပြောင်းလဲခြင်း
၁၄။ ရေနံထွက်ပစ္စည်းလုပ်ငန်း(ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း)အား သိုလှောင်ဖြန့်ဖြူးရောင်းချမည့်ပမာဏ ပြင်ဆင်ပြောင်းလဲခွင့်ပြုရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-
(က) လိုင်စင်ရရှိသူ၏ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ မှတ်ပုံတင်လက်မှတ်မူရင်းနှင့် မိတ္တူ၊
(ခ) ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချခြင်း)မူရင်းနှင့်မိတ္တူ၊
(ဂ) မြစ်တွင်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် ပြင်ဆင်ပြောင်းလဲမှုနှင့်ကိုက်ညီသည့် သက်တမ်းရှိ ရေယာဉ် မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်း ရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် (Inland Vessel Safety Certificate)မူရင်းနှင့်မိတ္တူ၊
(ဃ) ကမ်းရိုးတန်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် ပြင်ဆင်ပြောင်းလဲမှုနှင့်ကိုက်ညီသည့် သက်တမ်းရှိ ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ဝန်တင်မျဉ်းဆိုင်ရာသက်သေခံလက်မှတ် (Load Line Certificate)၊ ကိရိယာပစ္စည်းများ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာသက်သေခံလက်မှတ် (Safety Equipment Certificate) သို့မဟုတ် အသက်ကယ်ပစ္စည်းများ ဆိုင်ရာ သက်သေခံလက်မှတ် (Life Saving Appliances Certificate) မူရင်းနှင့် မိတ္တူ၊
(င) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြင်ဆင်ပြောင်းလဲမှုအတွက် စိစစ်အတည်ပြုထားသောရေယာဉ်၏ အသေးစိတ်ပုံစံများ၊
(စ) ပြင်ဆင်ပြောင်းလဲထားသည့်ရေယာဉ်၏ ရေချိန်ဇယား (Ship Calibration Table)၊
(ဆ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ပြင်ဆင်ပြောင်းလဲမှုနှင့် ကိုက်ညီသည့် သက်တမ်းရှိကုန်စည်ပို့ဆောင်ခွင့်(က) လိုင်စင်မူရင်းနှင့်မိတ္တူ၊
(ဇ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ပြင်ဆင်ပြောင်းလဲမှုနှင့်ကိုက်ညီသည့် သက်တမ်းရှိလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် (Licence To Ply) မူရင်းနှင့်မိတ္တူ၊
(ဈ) သတ္တုတွင်းဦးစီးဌာန၏ ရေနံထွက်ပစ္စည်းသယ်ယူခွင့်ခွင့်ပြုမိန့်မူရင်းနှင့်မိတ္တူ၊
(ည) သက်ဆိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာသဘောထားမှတ်ချက်၊
၁၅။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် လျှောက်ထားမှုအားစိစစ်၍ ကိုက်ညီပါက ရေနံထွက်ပစ္စည်းလုပ်ငန်း (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း)အား ပြင်ဆင်ပြောင်းလဲဆောင်ရွက်ခွင့်ပြုမည်။
၁၆။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချခြင်း)ပြင်ဆင်ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သောအခ ကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။
ပိုင်ရှင်အမည်ပြောင်းလဲခြင်း
၁၇။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း)အား ပိုင်ရှင်အမည်ပြောင်းလဲခွင့်ပြု ပါရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနသို့ လျှောက်ထားရမည်-
(က) ပိုင်ရှင်အမည်ပြောင်းလဲလိုသူ၏ (၂ x ၁.၅) လက်မဓာတ်ပုံ၊ အမည်နှင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားမိတ္တူ သို့မဟုတ် ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ၊ အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်မှုသက်သေခံလက်မှတ်မိတ္တူ၊
(ခ) ဆက်သွယ်ရန်လိပ်စာ၊ Email Address နှင့် တယ်လီဖုန်းနံပါတ်၊
(ဂ) ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချခြင်း) မူရင်းနှင့်မိတ္တူ၊
(ဃ) မူလပိုင်ရှင်နှင့် ပိုင်ရှင်အမည်ပြောင်းလဲလိုသူတို့၏ နှစ်ဦးသဘောတူအရောင်း အဝယ်စာချုပ်မူရင်းနှင့်မိတ္တူ၊
(င) မူလပိုင်ရှင်နှင့်ပတ်သက်သည့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာသဘောထားမှတ်ချက်၊
(စ) ပိုင်ရှင်အမည်ပြောင်းလဲခြင်းအပေါ် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊
(ဆ) မြစ်တွင်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် အမည်ပြောင်းလဲပြီး ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းရေကြောင်းသွားရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် (Inland Vessel Safety Certificate) မူရင်း နှင့်မိတ္တူ၊
(ဇ) ကမ်းရိုးတန်းသွားစက်သုံးဆီတင်စက်တပ်ရေယာဉ်များအတွက် အမည်ပြောင်း လဲပြီး ရေယာဉ်မှတ်ပုံတင်လက်မှတ်၊ ကိရိယာပစ္စည်းများအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာသက်သေခံလက်မှတ် (Safety Equipment Certificate) (သို့မဟုတ်) အသက်ကယ်ပစ္စည်းများဆိုင်ရာသက်သေခံလက်မှတ် (Life Saving Appliances Certificate) နှင့် ဝန်တင်မျဉ်းဆိုင်ရာ သက်သေခံ လက်မှတ် (Load Line Certificate) မူရင်းနှင့်မိတ္တူ၊
(ဈ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏အမည်ပြောင်းလဲပြီး ကုန်စည် ပို့ဆောင်ခွင့်(က)လိုင်စင်မူရင်းနှင့်မိတ္တူ၊
(ည) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အမည်ပြောင်းလဲပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် (Licence To Ply)မူရင်းနှင့်မိတ္တူ၊
(ဋ) သတ္တုတွင်းဦးစီးဌာန၏ ရေနံထွက်ပစ္စည်းသယ်ယူခွင့် ခွင့်ပြုမိန့်မူရင်းနှင့် မိတ္တူ၊
၁၈။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူ ဖြန့်ဖြူးရောင်းချခြင်း) ပိုင်ရှင်အမည်ပြောင်းလဲလျှောက်ထားမှုအားစိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက ပိုင်ရှင်အမည်ပြောင်းလဲ ခွင့်ပြုမည်။
၁၉။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း) ပိုင်ရှင်အမည်ပြောင်းလဲသူက သတ်မှတ်ထားသည့် ကျသင့်သောအခကြေးငွေများကို ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။
ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်လျှောက်ထားခြင်း
၂၀။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း) ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ယူခွင့်ပြုပါရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-
(က) ပျက်စီး သို့မဟုတ် ပျောက်ဆုံးကြောင်းပိုင်ရှင်၏ ကတိဝန်ခံချက်မူရင်း၊
( ခ) ပျက်စီး သို့မဟုတ် ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း သက်ဆိုင်ရာနယ် မြေရဲစခန်း၏ ထောက်ခံချက်မူရင်း၊
( ဂ) ပျက်စီး သို့မဟုတ် ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး၏ ထောက်ခံချက်မူရင်း၊
၂၁။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူ ဖြန့်ဖြူးရောင်းချခြင်း) ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာမှုအားစိစစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိပါက မိတ္တူမှန်ထုတ်ပေးမည်။
၂၂။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (ရေကြောင်းဖြင့်စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း) ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သောအခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနသို့ ပေးသွင်းရမည်။