Aviation Fuel Distribution License

ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း)

 

အခြေခံသတ်မှတ်ချက်များ

၂။          အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   လေယာဉ်ဆီအရည်အသွေးထိန်းသိမ်းခြင်းလုပ်ငန်းနှင့် လုံခြုံစိတ်ချစွာ လေယာဉ်ဆီဖြည့်တင်းခြင်းလုပ်ငန်းများအပါအဝင် လေယာဉ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်း အဖွဲ့ချုပ် (International Civil Aviation Organization-ICAO) ( Doc 9977 ) မှ နောက်ဆုံးထုတ်ပြန်ထားသည့် လေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလက်စွဲ စာစောင်ပါအချက်များနှင့်အညီဆောင်ရွက်ရမည်။

(ခ)   လေယာဉ်ဆီထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် လေဆိပ်များသို့ လေယာဉ်ဆီဖြန့်ဖြူးခြင်းများဆောင်ရွက်ရာတွင် အရည် အသွေးစံချိန်စံညွှန်းအာမခံနိုင်ရေး အတွက် EI/JIG Standard 1530 ပါ Manual များအတိုင်း သို့မဟုတ် အလားတူစံနှုန်းများ အတိုင်းလိုက်နာဆောင်ရွက်ရမည်။

(ဂ)   လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အသုံးပြုသည့်လုပ်ငန်းသုံး Facilities များအား စစ်ဆေးခြင်း၊ ဒီဇိုင်းတည်ဆောက်ခြင်း၊ လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား EI 1540 ပါ Manual များအတိုင်း သို့မဟုတ် အလားတူစံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။

(ဃ)   လေယာဉ်ဆီဖြည့်တင်းခြင်းလုပ်ငန်း (Into-Plane Fuelling Services) များ ဆောင်ရွက်ရာတွင် လေယာဉ်ဆီအရည်အသွေး ထိန်းသိမ်းခြင်းအပါအဝင် လုပ်ငန်း ဆောင်ရွက်မှုများကို JIG အဖွဲ့ဝင်ဖြစ်လျှင် JIG 1 ပါ Manual များအတိုင်း သို့မဟုတ် JIG အဖွဲ့ဝင်မဟုတ်ပါက ICAO (Doc 9977) ပါ လေယာဉ်ဆီအရည်အသွေးထိန်းသိမ်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု သတ်မှတ် ချက်များအတိုင်း သို့မဟုတ် အလားတူစံနှုန်းများအတိုင်းလိုက်နာဆောင်ရွက်ရမည်။

( င ) လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးသည့်ဌာန (Airport Depot) များနှင့် Hydrant ပိုက်လိုင်းများအတွက် လေယာဉ်ဆီအရည် အသွေးထိန်းသိမ်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို JIG အဖွဲ့ဝင်ဖြစ်လျှင် JIG 2 ပါ Manual များအတိုင်း သို့မဟုတ် JIG အဖွဲ့ဝင်မဟုတ်ပါက ICAO (Doc 9977)ပါ လေယာဉ်ဆီအရည်အသွေးထိန်းသိမ်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုသတ်မှတ် ချက်များအတိုင်း သို့မဟုတ် အလားတူစံနှုန်းများအတိုင်းလိုက်နာဆောင်ရွက်ရမည်။

(စ)   အရွယ်အစားသေးငယ်သော လေယာဉ်ကွင်းများအတွက် လေယာဉ်ဆီအရည်အသွေးထိန်းသိမ်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု များကို JIG အဖွဲ့ဝင် ဖြစ်လျှင် JIG 4 ပါ Manual များအတိုင်း သို့မဟုတ် JIG အဖွဲ့ဝင်မဟုတ်ပါက ICAO(Doc 9977) ပါ  လေယာဉ်ဆီအရည်အသွေးထိန်းသိမ်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုသတ်မှတ်ချက်များအတိုင်း သို့မဟုတ် အလားတူစံနှုန်း များအတိုင်းလိုက်နာဆောင်ရွက်ရမည်။

(ဆ)   လေယာဉ်ဆီသိုလှောင်ကန်များသည် လေယာဉ်ကွင်းဧရိယာအတွင်းဖြစ်ပါက လေယာဉ်ပြေးလမ်းနယ် (Runway Strip) အတွင်းမရှိစေရ။ လေယာဉ်ကွင်းဧရိယာပြင်ပဖြစ်ပါက လေယာဉ်တက်/ဆင်းလမ်းကြောင်းအတွင်းမရှိစေရ။ အဆောက်အဦ များ၊ လေယာဉ်ရပ်နားရာနေရာများ၊ လေကြောင်းအထောက်အကူပြုပစ္စည်းများနှင့် အနည်းဆုံး (၅၀၀) ပေ အကွာအဝေးတွင် ရှိရမည်။

(ဇ)    လေယာဉ်ဆီသိုလှောင်ကန်တည်ဆောက်မည့်နေရာသည် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကင်းဝေးလွတ်ကင်းသည့်နေရာ ဖြစ်ရမည့်အပြင် ဆေးရုံ၊ ဈေး၊ ကျောင်း၊ ရုပ်ရှင်ရုံစသည့်နေရာများနှင့် လူနေထူထပ်သည့်နေရာများ၏ အနီးတစ်ဝိုက် မဖြစ်စေရ။

(ဈ)    လေယာဉ်ဆီသိုလှောင်ကန်စခန်းဧရိယာနယ်နိမိတ်ကို အမြင့် (၆) ပေထက် မနည်းသောအကာအရံ [သံဇကာ (သို့) သံဆူး ကြိုး (သို့) သံပန်း (သို့) သံပြား (သို့) အုတ် (သို့) ကွန်ကရစ် ဝင်းခြံ] ထားရှိရမည်။

(ည)    လေယာဉ်ဆီသိုလှောင်ကန်စခန်းဝင်းအတွင်း မော်တော်ယာဉ်များလွတ်လပ်စွာ လှည့်ပတ်သွားလာနိုင်သော အသွားအပြန် ပတ်လမ်းများဖောက်လုပ်ထားရမည်။

(ဋ)    အဆောက်အဦများကို အလွယ်တကူမီးမလောင်နိုင်သောပစ္စည်းများဖြင့်သာ ဆောက်လုပ်ရမည်။

(ဌ)    သိုလှောင်ကန်များတွင် စက်သုံးဆီအမျိုးအစားနှင့်ဝင်ဆံ့ဂါလန်များကို သိသာ ထင်ရှားစွာရေးသားဖော်ပြထားရမည်။

(ဍ)    မြေပေါ်သိုလှောင်ကန်များကို မြေစိုက်ကြိုး (Earthing) တပ်ဆင်ထားရမည်။

(ဎ)    ပိုက်လိုင်းများကို စာသား/အရောင်ဖြင့် ထင်ရှားစွာသတ်မှတ်ဖော်ပြထားရမည်။

(ဏ)   ဆီထိန်းနံရံ (Sump Wall) ၏ ဝင်ဆံ့နိုင်မှုပမာဏသည် ယင်းအတွင်းရှိ အကြီးဆုံးသိုလှောင်ကန်၏ ဝင်ဆံ့နိုင်မှုပမာဏ အောက်လျော့နည်းမှုမရှိစေရ။

(တ)   မြေပေါ်သိုလှောင်ကန်များတွင် ဆီထိန်းနံရံ၊ ဆီထိန်းကြမ်းခင်း၊ ဆီဆင်းမြောင်း နှင့် ဆီစုကန်များတည်ဆောက်ထားရမည်။

(ထ)   ဆီတင်၊ ဆီချပန့်များသည် မီးတောက်မထွက်စေနိုင်သည့်အမျိုးအစား (Flame Proof) များ ဖြစ်ရမည်။

(ဒ)    ဆီတင်၊ ဆီချပန့်များအား လေဝင်လေထွက်ကောင်းမွန်မှုရှိသောနေရာတွင် စနစ်တကျတပ်ဆင်ထားရှိရမည်။

(ဓ)    ဆီသိုလှောင်ကန်၊ ဆီချပွိုင့်၊ ဆီငွေ့ထုတ်ပိုက်၊ ဆီပန့်တို့သည် ထရန်စဖော်မာ၊ ဗို့အားမြင့်လျှပ်စစ်ကြိုးများနှင့် အနည်းဆုံး (၅၀) ပေ ကွာဝေးရမည် သို့မဟုတ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာလျှပ်စစ်ဌာနတို့မှ သတ်မှတ်ထား သော လုံလောက်‌သည့်ဘေးကင်းမှုအကွာအဝေးအတွင်းထားရှိနိုင်သည်။

(န)    Flame Roof အမျိုးအစား မီးစက်ကို ဆီချပွိုင့်၊ ဂိုဒေါင်၊ သိုလှောင်ကန်၊ ဆီငွေ့ထုတ်ပိုက်၊ ဆီပန့်တို့နှင့် (၂၀) ပေထက်မနည်းသောအကွာအဝေးတွင် မီးစက်ရုံအတွင်းစနစ်တကျတပ်ဆင်ထားရှိရမည်။

(ပ)    အဆောက်အဦများ၊ ဆီသိုလှောင်ကန်များ၊ ဆီပန့်များတွင် လျှပ်စစ်အန္တရာယ်၊ မီးဘေးအန္တရာယ်နှင့်ပေါက်ကွဲမှု အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လုံလောက်သော ကြိုတင်ကာကွယ်မှုများကိုအချိန်ပြည့်ဆောင်ရွက်ရမည်။

(ဖ)     အသုံးပြုသည့်လျှပ်စစ်ပစ္စည်းများသည် မီးတောက်မထွက်စေနိုင်သော အမျိုး အစား (Flame Proof) ဖြစ်ရမည်။

 

(ဗ)  သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ရေးအစီအမံ၊ ဆီယိုဖိတ်မှု ကာကွယ်ရေးနှင့် ရှင်းလင်းရေး အစီအမံများကို စနစ်တကျထားရှိဆောင်ရွက်ရမည်။

၃။         သိုလှောင်ကန်တွင်းဖိအား တစ်စတုရန်းလက်မလျှင် ၂.၅ ပေါင် (၁၇ ကီလိုပါစကယ်) ထက်မကျော်လွန်သည့် မြေပေါ်သိုလှောင်ကန် များအတွက် အောက်ဖော်ပြပါအနည်းဆုံးရှိရမည့် ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်များကိုလည်းလိုက်နာရမည် –

စဉ် သိုလှောင်ကန်

အမျိုးအစား

အကာအကွယ်စနစ် အနည်းဆုံးအကွာအဝေး(ပေ)
ခြံစည်းရိုး အဆောက်အဦ
(၁)

 

အမိုးရှင် အမျိုးအစား

(Floating Roof )

မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (Protection for Exposure) ပါရှိလျှင် x သိုလှောင်ကန်၏ အချင်း  x သိုလှောင်ကန်၏ အချင်း
မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (Protection for Exposure)မပါရှိလျှင် သိုလှောင်ကန်၏ အချင်း (သို့)

၁၇၅ ပေ

x သိုလှောင်ကန်၏ အချင်း
 

(၂)

 

 

 

အမိုးသေ အမျိုးအစား (Fixed Roof)

 

သိုလှောင်ကန်အတွင်း မီးမလောင် စေသော ဓာတ်ငွေ့ဖြည့်၍ အောက် ဆီဂျင်လျှော့ချသည့်စနစ် သို့မဟုတ် အမြှုပ်မီးသတ်စနစ်တပ်ဆင်ထားလျှင် x ဇယား (၁)ရှိ

အကွာအဝေး

x ဇယား (၁)ရှိ

အကွာအဝေး

မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (Protection for Exposure) ပါရှိလျှင် ဇယား (၁)ရှိ

အကွာအဝေး

ဇယား (၁)ရှိ

အကွာအဝေး

မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (Protection for Exposure) မပါရှိလျှင် ၂ x ဇယား (၁)ရှိ

အကွာအဝေး

ဇယား (၁)ရှိ

အကွာအဝေး

မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် (protection for exposure) ဆိုသည်မှာ မီးသတ်ဦးစီးဌာနမှ သတ်မှတ်သည့် လုံလောက်သောရေပမာဏကို သိုလှောင်နိုင်သည့်မီးသတ်ရေကန်၊ မီးသတ်ပိုက်လိုင်း၊ မီးသတ်ဆေး၊ မီးသတ် ပစ္စည်းများနှင့် ကျွမ်းကျင်မီးသတ်ဝန်ထမ်းများထားရှိခြင်းကိုဆိုလိုသည်။

 

၄။         သိုလှောင်ကန်တွင်းဖိအား တစ်စတုရန်းလက်မလျှင် ၂.၅ ပေါင် (၁၇ ကီလိုပါစကယ်) ထက်ကျော်လွန်သည့် မြေပေါ် သိုလှောင်ကန် များအတွက် အောက်ဖော်ပြပါအနည်းဆုံးရှိရမည့် ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်များကိုလည်းလိုက်နာရမည် –

စဉ် သိုလှောင်ကန်

အမျိုးအစား

အကာအကွယ်စနစ် အနည်းဆုံးအကွာအဝေး(ပေ)
ခြံစည်းရိုး အဆောက်အဦ
 ၁ မည်သည့်

အမျိုးအစားမဆို

မီးဘေးအန္တရာယ်ကာကွယ်ရေး

စနစ် (Protection for Exposure) ပါရှိလျှင်

၁.၅ x    ဇယား (၁)ရှိ

အကွာအဝေး

( ၂၅ ပေထက်မနီးရပါ)

၁.၅ x    ဇယား (၁)ရှိ

အကွာအဝေး

( ၂၅ ပေထက်မနီးရပါ)

    မီးဘေးအန္တရာယ်ကာကွယ်ရေး

စနစ် (Protection for Exposure) မပါရှိလျှင်

၃  x    ဇယား (၁)ရှိ

အကွာအဝေး

( ၅၀ ပေထက်မနီးရပါ)

၁.၅ x    ဇယား (၁)ရှိ

အကွာအဝေး

( ၂၅ ပေထက်မနီးရပါ)

ဇယား(၁)

စဉ် သိုလှောင်ကန်၏
သိုလှောင်နိုင်မှုပမာဏ(ဂါလန်)(ဗြိတိသျှစနစ်)
အနည်းဆုံးအကွာအဝေး (ပေ)
ခြံစည်းရိုး အဆောက်အဦ
၆၂၅ နှင့်အောက် ၁၀ ၁၀
၆၂၆-၁၀,၀၀၀ ၁၅ ၁၅
၁၀,၀၀၁ -၂၅,၀၀၀ ၂၀ ၁၅
၂၅,၀၀၁ – ၄၂,၀၀၀ ၃၀ ၁၅
၄၂,၀၀၁ – ၈၄,၀၀၀ ၅၀ ၁၅
၈၄,၀၀၁ – ၄၂၀,၀၀၀ ၈၀ ၂၅
၄၂၀,၀၀၁ – ၈၄၀,၀၀၀ ၁၀၀ ၃၅
၈၄၀,၀၀၁ – ၁,၆၇၀,၀၀၀ ၁၃၅ ၄၅
၁,၆၇၀,၀၀၁ -၂,၅၀၀,၀၀၀ ၁၆၅ ၅၅
၁၀ ၂,၅၀၀,၀၀၁ နှင့်အထက် ၁၇၅ ၆၀

၅။         မြေပေါ်သိုလှောင်ကန်များအတွက် သိုလှောင်ကန်တစ်လုံးနှင့်တစ်လုံး၏ နံရံတစ်ခု နှင့်တစ်ခုကြား (Shell to Shell) အနည်းဆုံးရှိရမည့် ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် သိုလှောင်ကန်

အချင်း

အမိုးရှင်

သိုလှောင်ကန်   

(Floating Roof Tank)

အမိုးသေ(သို့မဟုတ်)အလျားလိုက်

သိုလှောင်ကန်      

(Fixed or Horizontal Tank)

ဘေးအန္တရာယ်ရှိသော ရေနံထွက်ပစ္စည်း ဘေးအန္တရာယ်မရှိသော ရေနံထွက်ပစ္စည်း

 

အချင်း

(၁၅၀)ပေ နှင့်အောက်

 x ကပ်လျက်
သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း
xကပ်လျက်
သိုလှောင်ကန်အချင်းနှင့်
စုစုပေါင်း
× ကပ်လျက်
သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း
(၄ ပေထက်မနီးရပါ) (၄ ပေထက်မနီးရပါ) (၄ ပေထက်မနီးရပါ)
အချင်း(၁၅၀)ပေ အထက် (ဘုံဆီစုကန် ထားရှိသည့်စနစ် ဖြစ်လျှင်)

 

 

 x ကပ်လျက်
သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း
x ကပ်လျက်
သိုလှောင်ကန်အချင်းနှင့်
စုစုပေါင်း
× ကပ်လျက်
သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း
  အချင်း(၁၅၀)ပေ အထက် (ဆီထိန်းနံရံ အကာထားရှိလျှင်)  ကပ်လျက်
သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း
x ကပ်လျက်
သိုလှောင်ကန်အချင်းနှင့်
စုစုပေါင်း
× ကပ်လျက်
သိုလှောင်ကန်အချင်းနှင့် စုစုပေါင်း

၆။         အငွေ့ထုတ်ပိုက် (Vent Pipe) သည် အနီးဆုံးအဆောက်အဦ (Building) မှ အနည်းဆုံး (၅) ပေ၊ လေစုပ်ကိရိယာ (Powered ventilation air intake devices) များမှ အနည်းဆုံး (၁၅) ပေ ထက်မနည်းကွာဝေးရမည်။

၇။         အနည်းဆုံးရှိရမည့်ဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါက လိုအပ်သည့်အစီအမံများပြုလုပ်စေပြီး စိစစ် ခွင့်ပြုနိုင်ရေးဆက်လက်တင်ပြဆောင်ရွက် ရမည်။

 

၈။         အထက်ဖော်ပြပါဘေးကင်းမှုအကွာအဝေးသတ်မှတ်ချက်များနှင့်ပတ်သက်၍ ဌာန၏သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက် ရန်နှင့် အထက်တွင်ဖော်ပြမထားသော အခြားဘေးကင်းမှုအပါအဝင်လုပ်ငန်းဆောင်ရွက်မှုများအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

 

 

လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း

 

၉။      ရေနံထွက်ပစ္စည်းလုပ်ငန်း (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း ) တည်ဆောက်လုပ်ကိုင်လိုသူသည် တည်ဆောက်ခွင့်ပြုရန် အဆိုပြုလျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနသို့လျှောက်ထားရမည်-

( က )   လျှောက်ထားသူ၏ ( ၂ x ၁.၅ ) လက်မဓာတ်ပုံ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏အမည်နှင့် မှတ်ပုံတင်လက်မှတ်မိတ္တူ၊

( ခ )   ဆက်သွယ်ရန်လိပ်စာ၊ Email Address နှင့် တယ်လီဖုန်းနံပါတ်၊

 

( ဂ )   လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအမည်၊

 

( ဃ)   မြေပိုင်ဆိုင်ကြောင်းအထောက်အထား သို့မဟုတ် မြေသုံးစွဲနိုင်ကြောင်း အထောက်အထား၊

( င )    တည်ဆောက်မည့်မြေနေရာအထောက်အထားမြေစာရင်းပုံစံ (၁၀၅) နှင့် (၁၀၆) မိတ္တူနှင့်အတိုင်းအတာအကျယ်အဝန်း၊

( စ )    သိုလှောင်ဖြန့်ဖြူးရောင်းချမည့်လေယာဉ်ဆီအမျိုးအစားများ၊ သိုလှောင်ကန်အရေအတွက်နှင့် ဝင်ဆံ့ဂါလန်ပမာဏ သို့မဟုတ် ဂိုဒေါင်၏သိုလှောင်နိုင်သည့်ဂါလန်ပမာဏ၊

( ဆ)   တည်ဆောက်မည့်အကွက်ချပုံစံ (Layout Plan) ၊ အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) ၊

(၁) Layout Plan တွင် မြေပေါ်/မြေအောက်သိုလှောင်ကန်များ၊ မီးသတ် အုတ်ရေကန်၊ သဲကန်နှင့် မီးသတ်စနစ်တို့ ထည့်သွင်းရေးဆွဲရမည်။ ထို့ပြင် ရုံးအဆောက်အဦ၊ ဝန်ထမ်းနားနေဆောင်၊ ရေစင်၊ မီးစက်ရုံ၊ သိုလှောင်ရုံနှင့် လုပ်ငန်းနှင့် ဆက်စပ်အဆောက်အဦတို့ကိုလည်း တည်ဆောက်မည်ဆိုပါက ထည့်သွင်းရေးဆွဲနိုင်သည်။ ပတ်လည်အနီး ပတ်ဝန်းကျင်ရှိ အဆောက်အဦ၊ လမ်း၊ နေအိမ်စသည်တို့ကို ပြည့်ပြည့်စုံစုံထည့်သွင်းရေးဆွဲရမည်။ အများပြည်သူသွားလမ်းမကြီးများ၊ လမ်းသွယ်များ၊ မီးရထားလမ်း၊ မြစ်ချောင်း စသည်တို့ရှိနေပါက တစ်စိတ်တစ်ပိုင်းပါဝင်နေသည့် အနေအထားဖြင့် ရေးဆွဲ ရမည်။ Layout Plan အား A3 အရွယ်အစား စာရွက်ဖြင့်ရေးဆွဲရမည်။ အဆိုပြုထားသည့် သိုလှောင်ရုံ၊ သိုလှောင်ကန် များနှင့်ပတ်လည်အနီး ပတ်ဝန်းကျင်အဆောက်အဦများ၏ အကွာအဝေးကို(ပေဖြင့်) တိတိကျကျ ဖော်ပြရမည်။

(၂)  Layout Plan တွင် ရပ်ညွှန်းပါရှိရမည်ဖြစ်ပြီး အဆောက်အဦတည်နေရာ၊ လိပ်စာအပြည့်အစုံ၊ ပိုင်ရှင်အမည်၊ သိုလှောင် လိုသည့် ရေနံထွက်ပစ္စည်းအမျိုးအစား၊ ဂါလန်ပမာဏ၊ စကေး၊ ရေးဆွဲသူအမည်၊ ရက်စွဲတို့ ပြည့်စုံစွာဖော်ပြထားသော Title Block ပါရှိရမည်။ အသေးစိတ်ပုံစံများ ရေးဆွဲရာတွင် ရှေ့၊ နောက်၊ ဘေး၊ အပေါ်မှမြင်ရပုံ၊ ဖြတ်ပိုင်းပုံများကို ဖော်ပြရမည်။ Layout Plan နှင့် အသေးစိတ်ပုံများကို A3 အရွယ်အစား စာရွက်ဖြင့် စကေးကိုက်ရေးဆွဲရမည်။

(၃) အဆောက်အဦ၊ သိုလှောင်ရုံ၊ သိုလှောင်ကန်တို့တွင်ရှိသော အစိတ်အပိုင်းအသီးသီးနှင့် အသုံးပြုသည့်ပစ္စည်းအမျိုးအစား များ (M.S ၊ C.G.I ၊ Angle Iron ၊ Concrete အရော၊ Plaster အရောစသည်များ) ကို ပုံတွင်အသေးစိတ်ဖော်ပြရမည်။

(ဇ)     အဆိုပြုလျှောက်ထားစဉ်ကာလအတွင်း အပိုဒ် ၉ (ဆ) ပါ အချက်များကို ဌာနကအတည်မပြုသေးမီ ကြိုတင်တည်ဆောက်မှု မပြုကြောင်း ကတိဝန်ခံချက်ပါရှိရမည်။

 

၁၀။    လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချမည့်မြေနေရာသည် သီလဝါဆိပ်ကမ်းနှင့် လေဆိပ်များအနီးသာဖြစ်ရမည်။ အခြားနေရာ များတွင်တည်ဆောက်ခြင်းမပြုရ။ အခြားနေရာများတွင် တည်ဆောက်လိုပါက ကြောင်းကျိုးခိုင်လုံစွာဖြင့်တင်ပြရမည်ဖြစ်ပြီး စိစစ်ပြီးမှသာ ခွင့်ပြုသွားမည်ဖြစ်သည်။

၁၁။    ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး တည်ဆောက်ခွင့်ပြုရန် လျှောက်ထားမှုကို စိစစ်ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းပြုနိုင်သည်။ အကယ်၍လျှောက်ထားမှုကိုငြင်းပယ်ခဲ့လျှင် မည်သည့် အကြောင်းကြောင့်ငြင်းပယ်ကြောင်း လျှောက်ထားသူထံအကြောင်းကြားမည်။

၁၂။        ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်သည် လျှောက်ထားချက်အပေါ် စစ်ဆေးစိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းတွေ့ရှိရပါက တည်ဆောက်မည့်အကွက်ချပုံစံ (Layout Plan)၊ အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) များအား အတည်ပြုပါကြောင်းနှင့် သက်ဆိုင်ရာခွင့်ပြုမိန့်များရယူပြီး လိုအပ်သလိုဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း လျှောက်ထားသူ ထံအကြောင်းကြားမည်။

 

 

 

၁၃။       အထက်အပိုဒ် (၁၂) ပါ အကြောင်းကြားချက်ကို လက်ခံရရှိသူသည် အဆိုပြုပုံစံအတိုင်း တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ရောင်းချရန် အသင့်ဖြစ်ပါက အောက်ဖော်ပြပါ စာရွက်စာတမ်း အထောက်အထားများပြည့်စုံစွာဖြင့် လိုင်စင်ခွင့်ပြုထုတ်ပေးရန် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်သို့လျှောက်ထားရမည်-

(က)            သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်မူရင်းနှင့်မိတ၊

 

( ခ )           ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အတည်ပြုထားသော လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း၏ အကွက်ချပုံစံ (Layout Plan) နှင့် အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) မူရင်းနှင့်မိတ္တူ၊

( ဂ )           သတ္တုတွင်းဦးစီးဌာန၏ သိုလှောင်ခွင့်လိုင်စင်မူရင်းနှင့်မိတ္တူ၊

(ဃ)           တည်ဆောက်ပီးစီးသည့် လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ ရိုက်ကူးထားသည့် (၄ x ၆) လက်မအရွယ်ရှိ ရောင်စုံ ဓါတ်ပုံ(၄)ပုံနှင့် သိုလှောင်ကန်နှင့်ဆက်စပ်အဆောက်အဦများအား ထင်ရှားပြတ်သားစွာ ရိုက်ကူးထားသည့် (၄ x ၆) လက်မအရွယ်ရှိရောင်စုံဓါတ်ပုံများ၊

၁၄။    တည်ဆောက်ပြီးစီးသည့် ရေနံထွက်ပစ္စည်းလုပ်ငန်း (လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း) အား သက်ဆိုင်ရာတိုင်းဒေသကီး သိုမဟုတ် ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိဦးစီးသည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရမည်။ သတ်မှတ်ချက်များနှင့်် ကိုက်ညီမှုမရှိကြောင်းစစ်ဆေးတွေရှိရပါက ပြုပြင်ဆောင်ရွက်စေပီး ထပ်မံကွင်းဆင်းစစ်ဆေးရမည်။

၁၅။    သက်ဆိုင်ရာတိုင်းဒေသကီး သိုမဟုတ် ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိဦးစီးသည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးပီး လိုင်စင်ထုတ်ပေးသင့်ကြောင်း ထောက်ခံတင်ပြလျင် ရေနံထွကပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကီးဌာန၊ အမှုဆောင်ကော်မတီအစည်းအဝေးသို့တင်ပြမည်။

၁၆။       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကီးဌာန၊ အမှုဆောင်ကော်မတီအစည်းအဝေးက လိုင်စင် ထုတ်ပေးရန်ဆုံးဖြတ်ပါက သက်တမ်း ( ၁ ) နှစ်ရှိ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်း)ကို ထုတ်ပေးမည်။

 

၁၇။       ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း)၏ သက်တမ်းမှာ လိုင်စင်ခွင့်ပြုသည့်နေ့မှစ၍ ( ၁ ) နှစ်တိတိ ဖြစ်သည်။

၁၈။    လိုင်စင်ရရှိသူသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) နှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သောအခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။

 

 

လိုင်စင်သက်တမ်းတိုးခြင်း

၁၉။    လိုင်စင်ရရှိသူသည် လိုင်စင်စတင်ခွင့်ပြုထုတ်ပေးသည့်ရက်မှစတင်၍ လိုင်စင်သက်တမ်းမကုန်ဆုံးမီ ၂ လအတွင်း လိုင်စင်သက်တမ်း တိုးမြှင့်ခွင့်ပြုရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-

(က) ပိုင်ရှင်၏ ကိုယ်တိုင်ရေးလျှောက်လွှာမူရင်း၊

( ခ )  လိုင်စင်ရရှိသူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့်မိတ္တူ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ၊ အဖွဲ့အစည်း ဖွဲ့စည်း တည်ထောင်မှုသက်သေခံလက်မှတ်မိတ္တူ၊

( ဂ )  သက်ဆိုင်ရာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာသဘောထားမှတ်ချက်၊

(ဃ)  ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း)မူရင်းနှင့် မိတ္တူ၊

( င )  သတ္တုတွင်းဦးစီးဌာန၏ သက်တမ်းတိုးပြီးစက်သုံးဆီသိုလှောင်ခွင့်လိုင်စင်မူရင်းနှင့် မိတ္တူ၊

 

 

 

 

၂၀။       ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်း (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) အား ကွင်းဆင်းစစ်ဆေးစိစစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီပါက လိုင်စင်သက်တမ်း(၁)နှစ်တိုးမြှင့်ပေးမည်။

၂၁။        ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သောအခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ပေးသွင်းရမည်။

 

 

ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခြင်း

၂၂။   ရေနံထွက်ပစ္စည်းလုပ်ငန်း (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) အား ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခွင့်ပြုရန် လျှောက်လွှာ နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-

( က )   ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) မူရင်းနှင့် မိတ္တူ၊

( ခ )   သတ္တုတွင်းဦးစီးဌာန၏သက်တမ်းရှိသိုလှောင်ခွင့်လိုင်စင်မူရင်းနှင့် မိတ္တူ၊

( ဂ )   ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အတည်ပြုထားသော အကွက်ချပုံစံ (Layout Plan)၊ အသေးစိတ်ဒီဇိုင်းပုံစံ (Design & Detail Drawing) မူရင်းနှင့်မိတ္တူ၊

(ဃ)           ပြင်ဆင်ပြောင်းလဲတိုးချဲ့လိုသည့်အကွက်ချပုံစံ (Layout Plan)၊ အသေးစိတ် ဒီဇိုင်းပုံစံ (Design & Detail Drawing) မူရင်း၊ (လိုင်စင်ရရှိပြီး လေယာဉ်ဆီဖြန့်ဖြူး ရောင်းချသည့်လုပ်ငန်းအဟောင်းကို တိုးချဲ့ / ပြုပြင် / တည်ဆောက်ခြင်းဖြစ်ပါက အသစ်တည်ဆောက်သည့်အဆောက်အဦ၊ သိုလှောင်ကန်စသည်တို့ကို Layout Plan ပေါ်တွင် အနီအရောင်ဖြင့် ထပ်တိုး ( Proposal ) ဟုရေးသားဖော်ပြရမည်။)

 

( င )   မြေဧရိယာတိုးချဲ့တည်ဆောက်ခြင်းအတွက် မြေပိုင်ဆိုင်ကြောင်းအထောက်အထား သို့မဟုတ် မြေသုံးစွဲနိုင်ကြောင်း အထောက်အထား၊

 

( စ )   သိုလှောင်မှုပမာဏပြင်ဆင်ပြောင်းလဲခြင်း၊ ခွင့်ပြုမြေဧရိယာပမာဏပြင်ဆင်ပြောင်းလဲခြင်းနှင့် စက်သုံးဆီအမျိုးအစား ပြင်ဆင်ပြောင်းလဲသိုလှောင်ခြင်းတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်၊

၂၃။        ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် လျှောက်ထားမှုအားစိစစ်၍ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ရေနံထွက် ပစ္စည်းလုပ်ငန်း (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) အား ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခွင့်ပြုမည်။

၂၄။        ရေနံထွက်ပစ္စည်းလုပ်ငန်း (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) ပြင်ဆင်ပြောင်းလဲတိုးချဲ့တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့်ကျသင့်သောအခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ပေးသွင်းရမည်။

 

 

ပိုင်ရှင်အမည်ပြောင်းလဲခြင်း

၂၅။   ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) အား ပိုင်ရှင် အမည်ပြောင်းလဲခွင့်ပြုရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထား ရမည်-

(က)   ပိုင်ရှင်အမည်ပြောင်းလဲလိုသူ၏ (၂ x ၁.၅) လက်မဓာတ်ပုံ၊ အမည်နှင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားမိတ္တူ သို့မဟုတ် ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ၊ အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်မှုသက်သေခံလက်မှတ်မိတ္တူ၊

 

( ခ )    ဆက်သွယ်ရန်လိပ်စာ၊ Email Address နှင့် တယ်လီဖုန်းနံပါတ်၊

( ဂ )    ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) မူရင်းနှင့် မိတ္တူ၊

( ဃ )   ပိုင်ရှင်အမည်ပြောင်းလဲလိုသူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းအမည်ဖြင့် ခွင့်ပြုထုတ်ပေးသော သတ္တုတွင်း ဦးစီးဌာန၏ သိုလှောင်ခွင့်လိုင်စင်မူရင်းနှင့့်မိတ္တူ၊

( င )    မူလပိုင်ရှင်နှင့်ပတ်သက်သည့် သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာသဘောထားမှတ်ချက်၊

( စ )    ပိုင်ရှင်အမည်ပြောင်းလဲခြင်းအပေါ် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊

( ဆ )   မူလပိုင်ရှင်နှင့်ပိုင်ရှင်အမည်ပြောင်းလဲလိုသူတို့၏ နှစ်ဦးသဘောတူမှတ်ပုံတင်ထားသည့်စာချုပ်မူရင်းနှင့်မိတ္တူ၊

၂၆။      ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) ပိုင်ရှင် အမည်ပြောင်းလဲလျှောက်ထားလာမှုအားစိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက ပိုင်ရှင်အမည်ပြောင်းလဲခွင့်ပြုမည်။

၂၇။        ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) ပိုင်ရှင်အမည်ပြောင်းလဲသူက သတ်မှတ်ထားသည့် ကျသင့် သောအခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ပေးသွင်းရမည်။

 

 

လုပ်ငန်းအမည်ပြောင်းလဲခြင်း

၂၈။      ရေနံထွက်ပစ္စည်းလုပ်ငန်း (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) အမည်ပြောင်းလဲခွင့်ပြုပါရန် လျှောက်လွှာနှင့်အတူ အောက်ဖော် ပြပါ စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားရမည်-

(က)   အမည်ပြောင်းလဲပြီး လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၏ သက်တမ်းရှိသိုလှောင်ခွင့်လိုင်စင်မူရင်းနှင့် မိတ္တူ၊

 

( ခ)    ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) မူရင်းနှင့်မိတ္တူနှင့် သက်တမ်းတိုးကတ်ပြားမူရင်းနှင့် မိတ္တူ

၂၉။      ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် လေယာဉ်ဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအမည်ပြောင်းလဲ လျှောက်ထားမှုအားစိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက အမည်ပြောင်းလဲခွင့်ပြုမည်။

ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်လျှောက်ထားခြင်း

၃၀။ ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင်(လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) ပျက်စီး၊ ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ယူခွင့်ပြုရန် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနသို့ လျှောက်ထားရမည်-

(က)     ပျက်စီး၊ ပျောက်ဆုံးကြောင်းပိုင်ရှင်၏ ကတိဝန်ခံချက်မူရင်း၊

 

( ခ )   ပျက်စီး၊ ပျောက်ဆုံးသည်မှာမှန်ကန်ကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ထောက်ခံချက်မူရင်း၊

( ဂ )   ပျက်စီး၊ ပျောက်ဆုံးသည်မှာမှန်ကန်ကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊

(ဃ)   သတ္တုတွင်းဦးစီးဌာန၏သက်တမ်းတိုးပြီးသိုလှောင်ခွင့်လိုင်စင်မူရင်းနှင့်မိတ္တူ၊

 

၃၁။ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) ပျက်စီး၊ ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာမှုအားစိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပါက မိတ္တူမှန်ထုတ်ပေးမည်။

၃၂။        ရေနံထွက်ပစ္စည်းလုပ်ငန်းလိုင်စင် (လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း) ပျက်စီး သို့မဟုတ် ပျောက်ဆုံး၍ မိတ္တူမှန်ထုတ်ပေးခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ကျသင့်သောအခကြေးငွေများကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ပေးသွင်းရမည်။